ွှအီတလီအစားအစာကြိုက်သူတွေအတွက် သုံးဆိုင်မြောက်ထပ်မံဖွင့်လှစ်လိုက်တဲ့ Cafe' Caesar

Food & Recipies
23/02/2017
176 views
အီတလီအစားအစာကြိုက်နှစ်သက်တဲ့ Foodaholic တွေအတွက် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ဗဟန်းမြို့နယ်၊အင်းယားမြိုင်လမ်းမှာသုံးဆိုင်မြောက်ဖြစ်တဲ့ Cafe’ Caesar ဆိုင်သစ်ကိုထပ်မံဖွင့်လှစ်လိုက်ပါတယ်။ဒီမှာထူးခြားမှုတစ်ခုအနေနဲ့ဆိုရင် ဧည့်သည်တွေစိတ်အေးလက်အေးနဲ့စားသုံးနိုင်သလို၊ကျယ်ဝန်းတဲ့ကားပါကင်လည်းရှိတာကြောင့် အစဉ်ပြေစေပါတယ်။လူ ငါးဆယ် ခြေက်ဆယ်လောက်တစ်ပြိုင်တည်း စားသုံးနိုင်တဲ့ခန်းမကျယ်တွေရှိသလိုသီးသန့်ခန်းတွေမှာလည်း စားသုံးနိုင်ပါတယ်။

ဒီဆိုင်ရဲ့အဓိကMenu က ပီဇာနဲ့ပါစတာပါ။ပါစတာမှာ မှအမျိုးအစား ၃၀ ကနေ ၄၀ကြားအထိရွေးချယ်စားသုံးနိုင်ပြီးတော့ ပီဇာမှာဆိုရင်တော့အမျိုးအစားပေါင်း ၂၀လောက်အထိရှိပါတယ်။မွေးနေ့နဲ့ဧည့်ခံပွဲအမျိုးမျိုးအတွက်လည်း အထူးနူန်းတွေနဲ့စီစဉ်ထားတယ်လို့ဒီဆိုင်ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကြည်စိုးကပြောပြခဲ့ပါတယ်။နေ့စဉ်ပိတ်ရက်မရှိ မနက် ၁၀ နာရီကနေ ည ၁၀နာရီအထိ ဖွင့်လှစ်ထားကြောင်းသိရပါတယ်။
       
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  645 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  578 Views