ကျန်းမာရေးနဲ့ညီညွတ်အောင်စားကျမယ်

Food & Recipies
21/01/2017
224 views
❤️️ကျန်းမာရွှင်လန်းစွာ သွယ်လျလှပနိုင်ပါစေ ❤️️

ကိုယ် အလေးချိန် ကို သဘာဝအတိုင်းကျန်းမာစွာ နှင့် ထိန်းသိမ်းနိုင်ဖို့ လျှော့ချ နိုင်ဖို့ အဓိက အချက်လေးတွေ ပါ

(၁) စားသောက်မှုပုံစံ (Diet Style ) ပါ 😋

ကိုယ့်ရဲ့စားသောက်မှုပုံစံသည် အရေးကြီးပါတယ် ကိုယ်အလေးချိန်လျော့ဖို့သာမက သွေးတိုး နှလုံး ဆီးချိုစသော ရောဂါများကို မဖြစ်ပေါ်စေဖို့ အတွက် စားသောက်မှုပုံစံသည် ကျန်းမာရေးနဲ့ ညီညွတ်ရပါမယ်

🍜 Carbohydrates ခေါ် ကစီဓာတ် 🍚
Carbohydrates တွေများပြီး ပိုလျှံ သွားခဲ့ရင် အဆီ ဖြစ်ကာ ဝလာမှာပါ 
အစားစာရာမှာ ထမင်း ဂျုံ ခေါက်ဆွဲစတဲ့ carbohydrates တွေကို အသင့်အတင့် စားတဲ့အကျင့်ကို မွေးရမှာပါ 
🍭သကြားသည်လည်း လျှော့ စားရမယ့် Carbohydrates ပါပဲ
အဝလွန်ခြင်း ဗိုက်နဲ့ခါးပတ်လည် အဆီစုခြင်း အရွယ်မတိုင်ခင်အိုမင်းခြင်း သွေးကြောကျဉ်းစေတဲ့ မကောင်းတဲ့အဆီတွေ သွေးထဲမှာမြင့်တက်ပြီးကောင်းတဲ့အဆီကိုလျော့နည်းစေခြင်း သွေးတိုးဆီးချိုကိုခေါ်ဆောင်လာခြင်းတို့ဟာ သကြားရဲ့အန္တရာယ်တွေပါပဲ
(သင် သကြားဘယ်လောက်စားသင့်သလဲ ဆိုတာ ဒီ page မှာ အကျယ်ရေးပေးထားပါတယ် ) 🍦

🧀Lipid ခေါ်အဆီဓာတ် 🧀
အဆီတိုင်းမကောင်းတာတော့ မဟုတ်ပါဘူး
 ရွေးပြီး စားသင့်တဲ့ အဆီတွေကို အသင့်အတင့် စားနိုင်ပါတယ်
 ( ဒီ page မှာ အကျယ်ရေးပေးထားပါတယ် ) 
အကြိမ်ကြိမ် အထပ်ထပ် သန့်စင်ထားတဲ့ဆီများသည် အသွင်ပြောင်းဆီ (Trans Fat) များဖြစ်လို့ မစားသုံးသင့်ပါ
သဘာဝဆီစစ်စစ်ကိုသာ စားသင့်ပါတယ်
ဒါပေမယ့် ဒီခေတ်ထဲမှာ အတုတွေ အရောတွေများလှတာမို့
ဟင်းချက်ရာမှာ စားသောက်ရာမှာ တတ်နိုင်သလောက် အဆီ နည်းနည်းစားတဲ့ အကျင့်ကို မွေးမြူနိုင်ရင် အကောင်းဆုံးပါ

🍗 Proteins အသားဓာတ် 🐟
ခန္ဓာကိုယ် အတွက်လိုအပ်ပါတယ် မျှတစွာစားသင့်ပါတယ် တိရစ္ဆာန် အဆီပါဝင်မှုများတဲ့ အသားတွေကိုတော့ ချင့်ချိန်စားသင့်ပါတယ်

🤐 ရှောင်ကြဉ်ရန် 🤐

🤐Instant များ ဖြစ်သော Coffee Mix, Tea Mix များ, ခေါက်ဆွဲခြောက်များ, 
🤐coke ကဲ့သို့သော soft drinks များ အချိုရည်များ
🤐အချိုမှုန့်, ကြက်သားမှုန့်, ဟင်းခတ်မှုန့် အမျိုးမျိုး, 
🤐သကြားနှင့် အချို အမျိုးမျိုး 
🤐Ready made အစားအစာများ
🤐 ဆီကြော် အမျိုးမျိုး
စသည်တို့သည် သင့်ကို စားပြီးရင်းစားချင်စိတ်ကို ဖြစ်စေပါတယ်
 အဝလွန်ခြင်း သွေးတိုး ဆီးချို တို့ကို သယ်ဆောင်လာပြီး အာဟာရတန်ဖိုးလည်းမရှိပါ 
ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ ဆားနှင့်ရေ စုပုံခြင်းကိုဖြစ်စေပါတယ်
လုံးဝရှောင်ကြဉ်သင့်ပါတယ်

(၂) အိမ်မှာပဲ ချက်တာ စားပါ 😋

ကိုယ်တိုင်ချက်မှ အထက်ပါ အချက်တွေကို လိုက်နာလို့ရမှာပါ
မအားလပ်ရင် ပိတ်ရက်မှာ တစ်ပတ်စာကြိုပြင်ဆင် ကြိုချက်ထားသင့်ပါတယ်

(၃) Plan ထားပါ 🤔

မနက်ဖြန်ဘာစားမလဲဆိုတာကြိုစဉ်းစားပြင်ဆင်ပါ 
ကြိုပြင်ခြင်းကြောင့် မစားသင့်တာတွေမစားမိတော့ပါ 
စားမိသွားခဲ့ရင်လည်း ကိုယ်စားမယ်လို့ Plan ထားတာနဲ့ တကယ်စားမိတာ မတူတာကို ဆန်းစစ်မိပြီးဆင်ခြင်နိုင်လာပါတယ်

(၃) ကျန်တာတွေကတော့သိပြီးဖြစ်တဲ့အတိုင်းပါပဲ 🤗

 🌿အသီးအရွက် များများစားခြင်း 🌿

( ဒီခေတ်မှာ ပိုးသတ်ဆေးတွေတော့ကြောက်ရလို့ Running Water နှင့် သေချာစင်အောင်တော့ဆေးပါနော် အခွံ ပါတဲ့ အသီးများကို ခွာပြီးစားတာပိုကောင်းပါတယ် )

  💦 ရေများများသောက်ခြင်း တို့ပဲဖြစ်ပါတယ် 💦 

Detox သို့မဟုတ် ရိုးရိုးရေကြိုက်တာသောက်နိုင်ပါတယ်
( Detox သောက်စေချင်တဲ့ ရည်ရွယ်ချက်က ကိုယ်ကြိုက်တဲ့ အသီးတစ်မျိုးမျိုးထည့်ထားတဲ့ အရသာပါတဲ့ရေသောက်လိုက်ရတော့ ကျေနပ်ပြီး အစာစားချင်စိတ် လျော့စေချင်တာပါ
ခန္ဓာကိုယ်ရေဓာတ်ဖြည့်ပေးချင်တာပါ )
💦အစားမစားခင်နာရီဝက်မှာ ရေသောက်ပေးခြင်းဟာ သင့်ကိုဗိုက်မြန်မြန်ပြည့်စေပြီး ကယ်လိုရီကိုလောင်ကျွမ်းမှုကို အားပေးပါတယ်💦

(၄)  ဖြည်းဖြည်းစားပါ 🍴

🍴အစာကို ဖြည်းဖြည်းစားခြင်းဖြင့် ဦးနှောက်မှ ဗိုက်ပြည့်သောခံစားချက်ဖြစ်ပေါ်ရာနေရာ Satiety Center မှ သတင်းပို့လွှတ်မှုကို စောင့်ဆိုင်းရာကြပြီး အစာအများကြီးစားမိခြင်းကို ကာကွယ်နိုင်ပါတယ်🍴

(၅) လုံလောက်စွာ အနားယူပါ လုံလောက်စွာအိပ်စက်ပါ 😴

        😩အိပ်ရေးမဝခြင်းဟာ သင့်ကို အစားပိုစားစေပါတယ်

(၆) စိတ်ဖိစီးမှု ကို လျှော့ချပါ 😖

စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီစော Cortisol ဟော်မုန်းကအစာစားချင်စိတ်ကိုဖြစ်စေပြီး သင့်ကိုဝလာစေလို့ပါ 
ထို့ကြောင့် စိတ်ပူပန်မှုတွေကို လျှော့ချပါနော် 😌

(၇) နေ့စဉ်လှုပ်ရှားသွားလာမှု ( Daily activity )🏃🏼‍♀️🏃🏼

 လေ့ကျင့်ခန်း Exercises လုပ်နိုင်ရင်ပိုကောင်းပါတယ်
ဒါပေမယ့် လုပ်ဖို့ အချိန်မရှိရင်တော့ ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုပုံစံကို ပြန်ဆန်းစစ်ကြည့်ပါ 
အိမ်မှာပဲနေနေ အလုပ်ပဲသွားသွား အကြောင်းရှာပြီး လမ်းလျှောက်ပါ 🏃🏼🏃🏼‍♀️
အလုပ်လုပ်ရာမှာလည်း တစ်ချိန်လုံးထိုင်မနေဘဲ နေ့လယ်စာစားချိန် လမ်းလျှောက်ပြီး အေးဆေးတဲ့ တစ်နေရာမှာသွားထိုင်စားတာမျိုး ( အပြင်စာစားခိုင်းတာမဟုတ်ဘူးနော် )
အလုပ်သွားအလုပ်ပြန် လမ်းလျှောက်တာမျိုး 
အားလပ်ရက်တွေမှာ မိသားစုနဲ့ ပန်းခြံသွားတာမျိုးပေါ့

(၈) Weight Calendar 🙄

မိမိရဲ့ ကိုယ်အလေးချိန်ကို တစ်ပတ်တစ်ခါ ပြက္ခဒိန်မှာ မှတ်ပါ 
ဒါမှချက်ချင်းပြန်ထိန်းသိမ်းနိုင်မှာပါ 

(၉) လေ့ကျင့်ခန်း ( Exercises ) 🚴🏻‍♀️🏊‍♀️🏌

  နေ့တိုင်း မလုပ်နိုင်ရင်တောင် တစ်ပတ်တစ်ခါ ရေကူးတာ ပြေးတာ လမ်းလျှောက်တာမျိုးတော့ လုပ်နိုင်ရင်ကောင်းပါတယ် 
 
👍🏻👍🏻 ထို့ကြောင့် နေ့စဉ် စားသောက်ပုံစံ နေထိုင်မှုပုံစံ ကိုပြောင်းကြည့်ပါ အစမှာခက်သလိုရှိပေမယ့် နောက်ပိုင်းမှာ ပေါ့ပါး ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာပါတယ်
ဒါပေမယ့် ဒီလိုချည်းပဲ အမြဲစားရရင် စိတ်ညစ်မှာပေါ့နော်
ကိုယ့်ကိုကိုယ်ဆုချတဲ့အနေနဲ့ တစ်လမှာတစ်ရက် ကြိုက်တာစားပါ 
အဲ့ဒီနေ့မှာ လှုပ်ရှားမှု ပိုလုပ်လိုက်ပါနော် 👍🏻👍🏻
          




   
       




 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  645 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  592 Views