မုန့်ဦးနှောက်လုပ်နည်းအကြောင်း

Food & Recipies
08/02/2017
527 views
"မုန့်ဦးနှောက်"
(၂၀၁၅ က ကျွန်မရဲ့ page မှာတင်ပြီးသားဖြစ်သလို ကျွန်မရဲ့ စတုတ္ထစာအုပ်(အပြာရောင်) မှာ ပါပြီးသားလေးပါ။)

အရမ်းတုန် အရမ်းအိ အရမ်းဆိမ့်ပြီး စားလို့ အရမ်းကို ကောင်းလှတဲ့ ဒီမုန့်ဦးနှောက်လေးက ကျွန်မလုပ်ခဲ့ဖူးသော ဆန်တို့ဟူး၊ မုန့်ကျွဲသည်းများ၏ လုပ်နည်းကို အခြေခံပြီး လုပ်ထားတာဖြစ်ပါတယ်။ ဆန်မှုန့်ကျိုပျစ်ပျစ်က ဆန်တိုဟူးကျိုတာထက် ၆ မိနစ် လျှော့ပြီး ကျိုတာကလွဲရင် အချိုးအစား၊ လုပ်နည်း အားလုံး အတူတူပဲ ဖြစ်ပါတယ်။

***... မုန့်ဦးနှောက် အတွက် လိုအပ်တာလေးတွေ…

1.    အုန်းနို့ဆီချက်
2.    သာကူကျိုပျစ်ပျစ်
3.    ဆန်မှုန့်ကျိုပျစ်ပျစ်

***... အုန်းနို့ဆီချက် အတွက် လိုအပ်တာလေးတွေ…

1.    အုန်းနို့ (creamy coconut) – 400 ml (coconut milk ဗူး ကိုသုံးပြီး ဆီချက် ချက်လျှင် အုန်းဆီဖတ်အရနည်းသဖြင့် creamy coconut ဗူး ကို သုံးပေးပါ။)

    အုန်းနို့ကို medium heat ဖြင့် မိနစ် ၃၀ ခန့် အနည်းငယ်မွှေပြီး ကျိုပေးပါ။ 

(သုံးသည့်အုန်းနို့ အမျိုးအစားပေါ်မူတည်ပြီး အချိန်အတိုးအလျှော့ရှိပါတယ်။)

    အောက်ပုံပါ အနေအထားအတိုင်း ဆီများထွက်လာလျှင် မီးဖိုမှဖယ်ပေးပါ။

    အုန်းနို့ဆီချက်လေး အသုံးပြုရန် အသင့်ဖြစ်ပါပြီ။

***... သာကူကျိုပျစ်ပျစ် အတွက် လိုအပ်တာလေးတွေ…

1.    သာကူစေ့ – 1/4 cup (60 ml) (၁၅ မိနစ်ခန့် ရေစိမ်ပြီး ရေပြန်စစ်ထားပါ။)
2.    အုန်းနို့ (coconut milk) – 1 1/4 cups (310 ml) (ပိုပျစ်သည့် creamy coconut ဗူးကိုမသုံးပဲ အနည်းငယ်ကျဲသော coconut milk ဗူးကို သုံးပေးပါ။)
3.    သကြား – 1 cup (250 ml)
4.    ရေ – 1/4 cup (60 ml)

 (သာကူစေ့ အမျိုးအစား၊ အရွယ်အစား နှင့် မီးအပူရှိန်ကွာနိုင်သောကြောင့် ကျိုနေတုန်း ရေထပ်ထည့်ရန်လိုပါက ရေနွေးနည်းနည်းချင်းထည့်ပေးပါ။)

    ရေစိမ်ပြီး ရေပြန်စစ်ထားသော သာကူ၊ အုန်းနို့ ၊ သကြား နှင့် ရေကို medium heat ဖြင့် အောက်ပုံပါအတိုင်း သာကူစေ့မျက်စံ အားလုံးနီးပါး ပျောက်သည်အထိ မွှေကျိုပေးပါ။

(သာကူစေ့မျက်စံပျောက်ရန် လိုအပ်သေးပါက ရေအေးမထည့်ပဲ ရေနွေး နည်းနည်းချင်းထည့်ကာ ဆက်ကျိုပေးပါ။ )

***... ဆန်မှုန့်ကျိုပျစ်ပျစ် အတွက် လိုအပ်တာလေးတွေ…

1.    ကွမ်းစားထုံး  (lime stone or Chuna or Choona) – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (1/4 tsp)
2.     ရေ – 3 cups (750 ml)
3.    ဆန်အစိမ်းမှုန့် (rice flour) – 1 cup (250 ml)
4.    ဆား – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်

    ရေ 1 cup (250 ml)ထဲ ထုံး ကို ထည့်ကာ အခဲများမကျန်အောင် ဖိချေဖျော်ပြီး  အနည်းဆုံး ၂ နာရီခန့် အနည်ထိုင်ခိုင်းကာ ထုံးရည်ကြည်ရအောင် လုပ်ပေးပါ။ ကျွန်မကတော့ မနက်ကျိုမယ်ဆိုရင် ညကတည်းက အနယ်ထိုင်ခိုင်းထားပါတယ်။

    အနည်ထိုင်နေသော ထုံးများမပါအောင် အိုးထဲ လောင်းထည့်ထားသည့် ထုံးရည်ကြည်ထဲ ဆန်မှုန့် နှင့် ဆားထည့်ကာ အဖတ်များ လုံးဝမကျန်အောင် ဖျော်ထားပါ။

 (ပုံပါ လက်မွှေတံ (manual whisk) ကို သုံးပြီးဖျော်လျှင် လုံးဝအဖတ်မကျန်သလို၊ အကြေလည်းမြန်ပါတယ်။)

    ဆန်မှုန့်များပျော်သွားလျှင် ကျန်သည့်ရေ – 2 cups (500 ml)ကိုထည့်ကာ medium heat ဖြင့် clockwise (or) anticlockwise အတိုင်း မိမိအားသန်သည့် တစ်ဖက်တည်းကိုသာ ဦးတည်ပြီး ၁၀ မိနစ်ခန့် မွှေကျိုပေးပါ။ (အတုံးအခဲများ မဖြစ်အောင်  နှင့် အောက်ခြေမကပ်အောင် မီးဖိုပေါ်တင်သည်နှင့် မွှေပေးဖို့လိုပါတယ်။)

    ၁၀ မိနစ်ခန့် (သို့) အောက်ပုံပါအတိုင်း ဆန်မှုန့်များ စပြီး ပျစ်လာသည်နှင့် …

    အုန်းနို့၊ သကြား၊ သာကူ ရောကျိုထားသော အရည်ပျစ်ပျစ်ကို လောင်းထည့်ကာ ၅ မိနစ် ဆက်ကျိုပေးပါ။ (အိုးမကပ်အောင် သေသေချာချာ မွှေကျိုပေးဖို့ လိုပါတယ်။)

    ၅ မိနစ်ခန့် (သို့) အောက်ပုံပါအနေအထားလောက် ပျစ်လာလျှင် (အရမ်းပျစ်ခဲ မနေရပါ)…

    ဆီသုတ်ထားသော ခွက်ထဲ လောင်းထည့်ပါ။

    လောင်းထည့်ပြီးနောက် မျက်နှာပြင်ညီအောင် ခွက်ကို ကိုင်၍ အနည်းငယ် လှုပ်ပေးပြီးလျှင် အအေးခံထားပါ။

    လုံးဝ အေးသွားလျှင်ပန်းကန်ပြားတစ်ချပ်ကို ထိုမုန့်ခွက်ပေါ် မှောက်တင်ပြီးနောက် သေသေချာချာကိုင်ပြီး ပြောင်းပြန်လှန်ချပါ။

    ခွက်ဖယ်ပြီးနောက် ဆီသုတ်ထားသော ဓါးကြီးကြီးဖြင့်လှီးကာ အုန်းဆီလေး ဆမ်း၍ အရသာ ရှိစွာ သုံးဆောင်နိုင်ပါပြီ။

DSC03093

အရမ်းကပ်ကာ အရမ်းအိပြီးတုန်သောကြောင့် တစ်တုံးလှီးပြီးတိုင်း ဇွန်းကြီးပါးပါးပြားပြားဖြင့် ထိုးကော်ပြီး မ ကာ အသုံးပြုမည့် ပန်းကန်ထဲ ထည့်ပါ။ နောက်တစ်တုံးမလှီးခင် ဓါးတွင်ပေနေသည်များကို paper towel ဖြင့်သုတ်ဖယ်၍ ဆီထပ်သုတ်ပြီးမှ လှီးပါ။
(သို့မဟုတ်)
အေးသွားပြီးနောက် ရေခဲသေတ္တာ (fridge)ထဲ နာရီအနည်းငယ်ထားပြီးမှ လှီးပါ။
credit by chaw su's food friend
                                           
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  650 Views

အညောင်းပြေ Dolphin Infrared massager

🏃အညောင်းပြေ Dolphin Infrared massager
more

Samuel

Share  555 Views

Electric Barbecue Grill နဲ့အကင်လုပ်စားကြမယ်

Elecric Barbecue Grill အကင် စက်
more

Samuel

Share  523 Views