ကွေ့တီယိုလုပ်​စားကြမယ်

Food & Recipies
05/02/2017
219 views
 အပျင်းပြေလုပ်စားဖို့ ကွေ့တီယို

ဆိုင်မှာသွားစားရင်လည်း တစ်ပွဲနဲ့ မဝမယ့်အတူတူ အိမ်မှာလုပ်စားလို့ရတဲ့နည်းလေးရှာထားတယ်။     
ကွေ့တီယိုကြိုက်တဲ့သူတွေအတွက် စနေ၊ တနင်္ဂနွေ ရုံးအားရက်ကလေးမှာ အပျင်းပြေလုပ်စားဖို့ ကွေ့တီယိုလုပ်နည်းလေးပြောပြပေးလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆန်ခေါက်ဆွဲ၊ ဝက်နံရိုး၊ ဝက်သား၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ ငါးငံပြာရည်၊့ ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးစိမ်း၊ သကြား၊ မြေပဲ၊ ငရုပ်သီးဆီချက်၊ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံ တို့ပဲဖြစ်ပါတယ်။

    
ပြုလုပ်​ရန်


(၁) ဝက်သားများကို ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်တို့ပါထည့်ပြီး သောက်သောက်စဉ်းပါ။ ပြီးရင်အလုံးလေးတွေ လုံးထားပါ။ ငရုပ်သီးစိမ်းကို ပါးပါးလွှာပြီး ရှာလကာရည်နဲ့စိမ်ထားပါ။

(၂) ဒယ်အိုးတစ်လုံးထဲကို ရေထည့်ပြီး တည်ထားပေးပါ။ ရေဆူလာလျှင် ဝက်နံရိုးထည့်၊ ဂျင်းနဲ့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထည့်ပါ။ ဆားနဲ့အချိုမှုန့်အနည်းငယ်ထည့်ပေးပါ။ ဝက်နံရိုးများရခါနီးမှာ ဝက်သားလုံးများကိုထည့်ပြုပ်ပေးပါ။

(၃) (၅)မိနစ်လောက်ပြုပ်ပြီးသွားရင် ဝက်နံရိုးမှအသားများနဲ့ ဝက်သားလုံးများကိုဆယ်ထားပေးပါ။

(၄) ဆန်ခေါက်ဆွဲပြုပ်ရန်နောက်ဒယ်အိုးတစ်ခုထဲကိုရေထည့်ပြီးတည်ထားပေးပါ။ ရေဆူလာလျှင် ဆန်ခေါက်ဆွဲကိုထည့်ပြုပ်ပေးပါ။ ဆန်ခေါက်ဆွဲကျက်ပြီဆိုရင် ဆယ်ပြီး ဇကာထည့် စစ်ထားပေးပါ။

(၅) ကွေ့တီယိုစပြင်ပါမယ်။ ပန်းကန်လုံးထဲကို ဆန်ခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ မြေပဲထောင်း၊ ငရုပ်သီးဆီချက်၊ ကြက်သွန်မြိတ်နဲ့ နံနံပင်တို့ကိုထည့်ပါ။

(၆) အပေါ်ကနေ ဝက်သားပြုပ်ရည်ကိုလောင်းထည့်ပေးပါ။ အရည်နဲ့မစားပဲအသုပ်စားမယ်ဆိုရင်လည်းရပါတယ်။ နောက်သကြား၊ ငရုပ်သီးရှာလကာအရည်၊ ငံပြာရည်နဲ့ ကြက်သွန်ဖြူဆီချက်ကို ကြိုက်နှစ်သက်သလို ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
      
ှကွေ့တယိုလုပ်စားပြီး ဗိုက်ကားနိုင်ကြပါစေ
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  651 Views

Interior Designersများအတွက်​အသုံးဝင်​မဲ့app

သင်ကဒီဇိုင်းမှဒီဇိုင်းပြဲဖစ်နေလား?စာတွေဖတ်နေရတာရောပျင်းနေပြီလား?
more

Thomas

1 Share  391 Views