အသားအရည်ပြသာနာတွေကို ကျော်လွန်စေတဲ့ BEY🌙ND ...

Fashion & Beauty
26/02/2018
282 views
အလှအပဆိုတာ ရုပ်ချောတာတစ်ခုထဲလို့ပြောရင်တော့ လက်မခံဘူးရယ် ။ လူတိုင်းက Perfect မှမဖြစ်တာလေ ။ ဒါကြောင့် perfect ဖြစ်အောင် ကြိုးစားပြင်နေကြရတာမဟုတ်လား ။ တစ်ခါတလေ ရုပ်မချောတဲ့သူတွေမှာလဲ ဆွဲဆောင်မှုရှိတဲ့ ကြည့်လို့ကောင်းတဲ့ သွင်ပြင်တွေရှိတတ်ကြတာပဲဆိုတော့ လူတိုင်းမှာရှိတဲ့ ကိုယ်ပိုင်အလှအပတွေကို ဘယ်လိုထုတ်ဖော်မလဲဆိုတဲ့ အပိုင်းမှာပဲ လူအချင်းချင်းကွဲပြားမှုတွေ ရှိလာကြတာလို့ Athena ကတော့ထင်ပါတယ် ။ ကိုယ့်ရဲ့ အလှအပကိုထုတ်ဖော်တဲ့နေရာမှာ မိတ်ကပ်ပညာကိုသုံးပြီး မူလပုံစံနဲ့ လုံးဝကွဲပြားပြီးလှပသွားအောင် ပုံဖော်နိုင်ပေမယ့် အလှအပကို ထုတ်ဖော်နိုင်တဲ့ နောက်တစ်နည်းလဲ ရှိနေပါသေးတယ် ။ အဲဒါက Skin Care ပါ ။

အသားအရည် လှပမှုဟာ လူတစ်ယောက်ရဲ့ ရူပါကို မိတ်ကပ်မပါဘဲလဲ ပွင့်လန်းစေပါတယ် ။ မိတ်ကပ်မကူရဘဲ ၀င်းထွက်နေတဲ့ ကြည်လင်တဲ့ အသားအရည်ပိုင်ရှင်တွေကိုမြင်ရင်အားကျမိကြတယ်မလား ။ ဒီလိုဖြစ်ဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး ။ တော်တော်ကိုထိန်းသိမ်းယူထားရမှာလေ ။ Skin Care Step တွေ အများကြီးကို Athena ကတော့ မလုပ်နိုင်ဘူးရယ် ။ အဲဒီတော့ လွယ်လွယ်နဲ့ အသားအရည်လေးကောင်းလာမယ့် နည်းလမ်းကိုရှာရတော့တာပေါ့ ။ အဲဒီမှာ ဒီ ဆပ်ပြာလေးကို ကောင်းတယ် ညွှန်းကြလို့ စမ်းသုံးကြည့်မိရင်းက အရမ်းကြိုက်သွားလို့ ကိုယ့်လို Skin Care တကူးတကလုပ်ဖို့ အချိန်မပေးနိုင်သူတွေအတွက် Review ရေးပေးချင်လာတာနဲ့ ဒီစာလေးကို ရေးဖြစ်တာပါ ။ 

ဆပ်ပြာလေးရဲ့နာမည်က BEY🌙ND တဲ့ ။

   

ဘူးလေးက Black Color နဲ့ ။
ထပ်ပြီးအထဲကိုဖွင့်ကြည့်လိုက်တော့ ဆပ်ပြာတုံးလေးကိုက Black Color ။

      

ပုံမှန် အခြားအရောင်တွေနဲ့ ဆပ်ပြာတွေပဲမြင်ဖူးနေကျမို့ အမြင်ဆန်းနေရော ။ အဲဒါနဲ့ အညွှန်းကိုဖတ်ပြီးစပ်စုကြည့်လိုက်တော့မှ ဘာကြောင့်မည်းရလဲဆိုတာ အဖြေပေါ်တော့တယ် ။
သူက အမည်းရောင်ဂျင်ဆင်းနဲ့ ထုတ်လုပ်ထားတာကိုး ။ ဂျင်ဆင်းလို အကောင်းစားဆေးမြစ်ကို သုံးထားတာဆိုတော့ ဒီဆပ်ပြာလေးမှာ သာမန်ဆပ်ပြာတစ်ခုထပ်ပိုတဲ့ ကောင်းကျိုးအာနိသင်တွေရှိနေမယ်ဆိုတာ အလိုလိုနားလည်လိုက်တယ် ။ ဒါနဲ့ပဲ စသုံးဖြစ်တော့တာပဲ ။ 
တစ်ခါမှမသုံးဖူးတဲ့ ပစ္စည်းဆိုတော့ ကိုယ့်အသားအရည်နဲ့ တည့်ပါ့မလား ? အကျိုးရောဘယ်လိုထူးလာမလဲ စမ်းကြည့်ချင်တာနဲ့ ဒီ ဆပ်ပြာလေးကို လက်နှစ်ဖက်ကိုပဲ တိုက်ပြီး ကျန်တာကို ရိုးရိုး Body Shower နဲ့ပဲသုံးတယ် ။ တိုက်ရတာကိုက ရိုးရိုးဆပ်ပြာနဲ့ မတူဘူးပဲ ။ အိကျိကျိနဲ့ Jelly လေးလို ကိုင်လို့ကောင်းမှကောင်း ။ တစ်ပါတ်ကြာတော့ နည်းနည်းသိသာလာတယ် ။ နှစ်ပါတ်ကြာမှာတော့ လက်နဲ့ခြေထောက်နဲ့ အသားအရည် ကွာခြားမှုကို သိသိသာသာ ခံစားလိုက်ရတဲ့ကိုယ်က BEY🌙ND ရဲ့ Fan ဖြစ်သွားတော့တာပဲ ။ 



BEY🌙ND က ထိုင်းကထုတ်လုပ်တဲ့ Beauty Soap လေးပါ ။ ပုံမှန် ဆပ်ပြာတော့ ဆပ်ပြာပါပဲ ။ ဒါပေမယ့် ဆပ်ပြာလို သန့်ရှင်းရုံတစ်ခုပဲ သီးသန့်တော့မဟုတ်ပါဘူး ။ အမည်းရောင်ဂျင်ဆင်းရဲ့ စွမ်းရည်ကြောင့်

-အသားအရည်ညစ်နွမ်းမှုကိုလျော့ကျစေပြီး ကြည်လင်တောက်ပတဲ့  အသားအရည် ကိုပိုင်ဆိုင်စေပါတယ် ။ 
- ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အမည်းစက်တွေကိုပျောက်ကင်းစေပါတယ် ။
-သွေးလည်ပါတ်မှုကိုကောင်းမွန်စေပြီး ကျန်းမာတဲ့ အသားအရည်ကို ရရှိစေပါတယ် ။ 
-အသားအရည် နူးညံ့ချောမွတ်ပြီး ပိုမိုဖြူစင်လာစေတယ် ။
-အနံ့ဆိုးတွေကိုလည်းသက်သာပျောက်ကင်းစေတယ် ။ 

ရိုးရိုး ဂျင်ဆင်းထက် အမည်းရောင် ဂျင်ဆင်းက ၇၀% ပို အစွမ်းထက်တာမို့ အမည်းရောင် ဂျင်ဆင်းကိုသုံးထားတဲ့ ဒီဆပ်ပြာလေးက အသားအရည်အတွက်အကျိုးပြုဖို့ ရည်ရွယ်ထုတ်ထားတာပါ ။ 

ဒီဆပ်ပြာလေးက ၀က်ခြံအတွက်ဆေးလိုလဲ သုံးလို့ရပါတယ် ။ 
ဝက်ခြံတွေဟာ ဟော်မုန်းကြောင့်လဲဖြစ်တတ်သလို Sensitive ဖြစ်တဲ့ Skin တွေမှာဆို ချွေးပေါက်ပိတ်ဆို့မှုကြောင့်လဲဖြစ်လာတတ်တာပါ ။ 
ဒီလို လေထုညစ်ညမ်းနေတဲ့ခေတ်ကြီးထဲမှာ သာမန်မျက်နှာဆေးရုံနဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို မရှင်းလင်းနိုင်ပါဘူး ။ ဒီပြသာနာကိုလည်း
ဒီ ဂျင်ဆင်းဆပ်ပြာလေးက ကူညီပေးနိုင်ပါတယ် ။ 
အသားအရည်အတွင်းပိုင်းထိ သန့်စင်ပြီး အညစ်အကြေးတွေကို ဖယ်ရှားလိုက်တာမို့ ၀က်ခြံလို အသားအရည်ပြသာနာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ် ။ 

ကိုယ်ကတော့ ၀က်ခြံသိပ်မပေါက်တတ်တဲ့သူမို့ ဒီအချက်ကိုတော့ မစမ်းကြည့်ရပေမယ့် 
BEY🌙ND ကိုသုံးတဲ့ ၀က်ခြံပြသာနာနဲ့ User တွေပေးတဲ့ Feedback အရတော့ အံ့သြစရာကောင်းလောက်အောင် ၂ ပါတ်ဆိုတဲ့ အချိန်တိုအတွင်း အသားအရည်ပြောင်းလဲသွားတာလို့ ဆိုထားကြပါတယ် ။ ( သူတို့ရဲ့ Before and After ပုံရိပ်တွေပါ )

 

   

နှစ်ပါတ်အတွင်းမှာပဲ ဒီလိုပြောင်းလဲသွားခဲ့တာပါတဲ့ ။ သုံးစွဲတဲ့ အချိန်တိုပေမယ့် ထိရောက်မှုတော့ရှိတယ်လို့ ဆိုရမှာပဲ ။
ဒီဆပ်ပြာက Facial Cleaning လဲကောင်းကောင်းလုပ်လို့ရပါတယ် ။ Skin အတွက်လိုအပ်တဲ့ ဗီတာမင်တွေကို ဒီဆပ်ပြာလေးက ရနိုင်တာမို့
ကိုယ်တိုင်လဲ Skin အတွက်ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေပေးသလို Skin Care ထပ်လုပ်မယ်ဆိုလဲ ရလာဒ်ပိုကောင်းအောင် ထောက်ကူပေးပါတယ် ။
ချွေးပေါက်တွေပွင့်ပြီး သန့်ရှင်းနေပြီးသားဖြစ်တာကြောင့် BEY🌙ND နဲ့သန့်စင်ထားတဲ့ ရေချိုးပြီးအသားအရည်ပေါ် Lotion ဒါမှမဟုတ် Skincare Cream တွေထပ်လိမ်းတဲ့အခါ Skin Layer ထဲကို ကောင်းကောင်းစိမ့်ဝင်သွားမှာဖြစ်ပြီး အကျိုးအာနိသင်ပိုထူးစေတယ်တဲ့ ။ အသားအရည်ကိုအကောင်းဆုံးအခြေအနေထိရောက်အောင် တွန်းပို့ပေးနိုင်မှာပါ ။
ဒါကြောင့်ပဲ ဒီဆပ်ပြာလေး နာမည်က BEY🌙ND = ကျော်လွန်၍ ဖြစ်နေတာလို့တွေးမိပါတယ် ။ မကောင်းတဲ့ အသားအရည်ပြသာနာတွေကို ကျော်လွန်အောင်လုပ်ပေးနိုင်တဲ့ အဖော်လေးမို့လေ ။ Skin Care လုပ်ရမှာ အလွန်ပျင်းတဲ့ Athena တော့ ဒီဆပ်ပြာလေးနဲ့ တော်တော် အဆင်ပြေနေတာမို့ Review လေးလုပ်ပေးလိုက်တာပါ ။ ဒီဆပ်ပြာလေးကို လေ့လာချင်တယ်ဆိုရင်တော့ အောက်က ID လေးကို Scan ဖတ်ပြီး BEY🌙ND ရဲ့ offical Line account မှာသွားရောက်လေ့လာလို့ရပါတယ် ။ အားလုံးပဲ လှကြပါစေနော် ... 



Athena 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

သင်္ကြန်နဲ့ အလိုက်ဖက်ဆုံး ဆံပင်အရောင်တွေ

သင်္ကြန်နားနီးပြီဆိုတော့
more

Khwarnyo

Share  259 Views

Hearty heart Play Pencil Review

ခုတလောမှာမှ Hearty Heart
more

Athena

1 Share  652 Views