Hearty heart Play Pencil Review

Fashion & Beauty
25/01/2018
651 views
ခုတလောမှာမှ Hearty Heart ကနေထုတ်လုပ်ဖြန့်ချိထားတဲ့ Play Pencil လေးတွေဟာ အသစ်အဆန်း Cosmentic တစ်ခုအဖြစ် မိန်းကလေးထုကြီးရဲ့ စိတ်ဝင်စားမှုကို အပြည့်အ၀ရရှိလို့နေပါတယ် ။ 
ဒါကြောင့် အဲဒီ Play Pencil လေးတွေကို မသုံးကြည့်ရသေးတဲ့သူတွေ အတွက် ကိုယ်သုံးထားတဲ့ အတွေ့အကြုံလေး နည်းနည်း Share ပေးမယ်နော် ...

ပထမဆုံးအနေနဲ့ ပစ္စည်းရဲ့ ဈေးနှုန်း ... 

     

ပစ္စည်းရဲ့ ဈေးနှုန်းအနေနဲ့တော့ လူတိုင်းဝယ်သုံးနိုင်တဲ့ Amount တစ်ခုပါ ။ တစ်ချောင်း ၂၇၅၀ ကျပ်ဆိုတာ သူ့ရဲ့ Packing တွေ ပစ္စည်း Quality တွေနဲ့ ဆို ပေးရတာထက် ပိုတန်တဲ့ ပစ္စည်းလေးတွေ ပြန်ရလိုက်တယ်လို့ ဆိုရမှာပါပဲ ။ 
ဒါကြောင့်မို့ ဈေးနှုန်းကတော့ Rating 5 မှာ 5 star ပေးပါတယ် ။ 

Packing ထုပ်ပိုးပုံ

   

ဈေးသက်သာပေမယ့် ဒီတိုင်း ပြီးပြီးရော ထုတ်ထားတာမျိုးမဟုတ်ဘူးရယ် ... Matte အိတ်လှလှလေးတွေနဲ့ စနစ်တကျ ထုတ်ပိုးထားတဲ့အပြင် အတွင်းက Pencil ရဲ့ အောက်ဘက်ထိပ်မှာ ချွန်ဖို့ ချွန်စက်လေးပါ မြုပ်ပြီးထည့်ပေးထားတာကိုတော့
ကိုယ်အကြိုက်ဆုံးပါပဲ ။ ခဲတံ Type က ချွန်စရာအဆင်သင့်မရှိရင် အတော် ဒုက္ခရောက်တာကလား ... ခု ဒီ Play Pencil လေးတွေက တစ်ခါထဲ သူ့မှာပါတဲ့ ချွန်စက်နဲ့ ချွန်ရုံပဲ ။ 
တုံးသွားတိုင်း ချွန်စက် လိုက်ရှာရတဲ့ အဖြစ်က ကင်းဝေးစေတာမို့ ကိုယ့်လို ပစ္စည်းတွေ ဘယ်နားထားမိမှန်း မေ့တတ်လွန်းတဲ့ မမမေ့ လေးတွေအတွက် အသင့်တော်ဆုံးပါပဲ ။
ဒါကိုလဲ Rating ပေးရမယ်ဆို 5 မှာ 5 star ပါပဲ ။

   

Colour 

အရောင်ထွက်မှန်ပါတယ် ။ တစ်ချက်ဆွဲလိုက်ရုံနဲ့ အရောင်ကထင်းကနဲ ပေါ်တာပါ ။ အရောင် ၇ ရောင်စလုံးဟာ မျက်လုံးခြယ်တဲ့နေရာမှာ အသုံးများတဲ့ Basic Color တွေဖြစ်တာကြောင့် ဒီ Pencil ခုနှစ်ချောင်းနဲ့တင် မျက်လုံးကို Perfect ဖြစ်အောင်
ခြယ်လို့ရပါတယ် ။ ခရီးသွားမယ်ဆို Palettle တွေ သယ်သွားမယ့်အစား ဒီခဲတံလေးတွေ သယ်သွားရင် အတော် ၀န်ပေါ့မှာပါ ။ ရေစိုရင်မပြန့်တဲ့ ဖယောင်းလိုအသားမို့ အားနည်းချက်ကတော့ Blend လုပ်ဖို့ခက်ပါတယ် ။
ဒါကြောင့် ဒီ Rating ကတော့ 5 မှာ 3 Star ပါ ။ 

   

ကြာရှည်ခံခြင်း 

ရေစိုခံတယ်လို့ ဆိုပေမယ့် အတင်းကြီးရေနဲ့ ပွတ်တိုက်ဖျက်ရင်ပျက်ပါတယ် ။ ဒီတိုင်းချွေးစိုတာလောက်ကတော့ မမှုတာမို့ ပြန့်ကုန်မှာမစိုးရိမ်ရပါဘူး ။ ကြာလာရင်တော့ အရောင်နည်းနည်းဆီဖျော့လာပါတယ် ။ 
သတိထားရမယ့် တစ်ချက်ကတော့ ကျိုးလွယ်တာပါ ။  ခဲသားကိုထုတ်ပြီးဆိုးရင် ဂရုစိုက်ကိုင်တွယ်ဖို့လိုပါတယ် ။ တိုနိုင်သမျှတိုတိုလေးပဲ ထုတ်တာပိုကောင်းပါတယ် ။ အရှည်ထုတ်ပြီး ဖိဆွဲလိုက်ရင် ထောက်ခနဲ ကျိုးသွားတတ်တာမို့ 
နှမြောစရာကြီးနော် ... 
Rating ကတော့ 5 မှာ 3 Star ပါ ။ 

   

အသုံးဝင်ပုံ

ဒီ Pencil လေးတွေက အလှပြင်တဲ့နေရာမှာ နေရာစုံအသုံးဝင်ပါတယ် ။
မျက်ခုံးဆွဲလဲ ရတယ် ။
နှာတံဖော်လဲ ရတယ် ။
မျက်နှာ Contouring and Highlight လုပ်မလား ဒါလဲရတာပဲ ။ 
ပါးနီအဖြစ်သုံးလို့လဲရတယ် ။ 
Eye Shadow ကို အရောင်တွေ စပ်ပြီး ဆိုးချင်တိုင်း ဆိုးပါလေ့ ... 
နှုတ်ခမ်းပုံဖော်လို့လဲ ရသေးတယ် ။ 
Creation မျိုးစုံလုပ်လို့ရတော့ ကိုယ်စိတ်ကူးထဲပေါ်သလို ပုံလေးတွေဆွဲပြီး ချစ်ဖို့ကောင်းတဲ့ Sweet look လေးတွေ ပြင်လို့ရတာပေါ့ ။
7 ရောင်စလုံးက Bling Bling လေးတွေမို့ ပွဲတွေ သွားတဲ့အခါ ပေါ်လွင်နေရောပဲ ...
ကြိုက်သလို စိတ်ကူးဥာဏ်ကွန့်ပြီး သုံးလို့ရတာက ဒီ Play Pencil  လေးတွေရဲ့ အကြီးဆုံးအားသာချက်ပါ ။ 
ဒါကြောင့်မို့ 5 မှာ 5 star ပေးတယ်နော် ... ။

      

ဒီ Play Pencil လေးတွေနဲ့ ခြယ်ပြီး မျက်ဝန်းအလှကိုပိုကြွစေဖို့ဆို Eyeliner လေးပါထည့်သုံးရင် ပိုကောင်းတာပေါ့ ။ အဲဒီအတွက် Hearty Heart က Eye Liner လေးတွေပါ တစ်ခါထဲထွက်တယ် ။ အဲဒီ Eye Liner softpen လေးက ထိပ်ကချွန်မြမြလေးနဲ့ ဆွဲလို့တော်တော်ကောင်းတယ်ရယ် ။ 
Smooth ဖြစ်တဲ့အပြင် အနက်ရောင်ရင့်ပြီး ချွေးစိုလဲ မပျက်တာမို့ Eyeliner လေးကိုလဲ ကြိုက်မိပါတယ် ။ 
ကိုယ်တွေတော့ ခုရက်ပိုင်းအပြင်သွားရင် Play pencil 7 ချောင်းရယ် Eyeliner ရယ် ဆောင်သွားရုံပဲ ။ အကုန်သုံးရတော့ တော်တော်အဆင်ပြေနေတာ ။ 



အားလုံးခြုံပြောရမယ်ဆိုရင်တော့ 5 မှာ 4 Star အပြည့်ရတဲ့ Cosmetic ပါ ။ ပေးရတဲ့ ဈေးနဲ့ ဒီလောက် Quality ရှိအောင် ထုတ်လုပ်ထားနိုင်တာကိုက တော်တော်လေးကို ချီးကျူးစရာကောင်းနေပါပြီ ။
ပေးရတာနဲ့မက တန်တာမို့ သုံးပျော်တဲ့ Cosmetic တွေလို့ပဲ ညွှန်းပေးချင်ပါတယ်နော် ... 

   
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

သင်္ကြန်နဲ့ အလိုက်ဖက်ဆုံး ဆံပင်အရောင်တွေ

သင်္ကြန်နားနီးပြီဆိုတော့
more

Khwarnyo

Share  259 Views