GiGi အိတ်ထဲက Cosmetic တွေ စုပေါင်းခြင်း ( သို့ ) Maybelline Gigi Hadid Jetsetter Palette

Fashion & Beauty
19/10/2017
435 views
မိန်းကလေးတွေရဲ့ အိတ်ထဲမှာ မပါမဖြစ်ရှိနေတတ်တာကတော့ အလှအပမပျက်ဖို့အတွက် အရေးပေါ်လိုအပ်နိုင်မယ့် အလှကုန်ပစ္စည်းလေးတွေပါ ။ 
ဒါတွေဟာ မိန်းကလေးတွေရဲ့ လျို့ဝှက်လက်နက်လို့ဆိုရင်လဲမမှားပါဘူး ။ 
အမြဲလှပအောင်နေရတဲ့ စူပါမော်ဒယ်တစ်ယောက်ရဲ့ အိတ်ထဲမှာဆိုရင်တော့ ဘယ်လိုအလှပြင်ပစ္စည်းတွေ လျို့ဝှက်လက်နက်အဖြစ်ရှိနေမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။
အဲဒီအလှပြင်ပစ္စည်းအားလုံးကို ရမယ်ဆိုရင်တော့ စူပါမော်ဒယ်တစ်ယောက်ရဲ့ Perfect look ကို ကိုယ်တိုင်လည်းဖန်တီးနိုင်ပြီပေါ့ ။ 



ဒါကြောင့်မို့ Maybelline က စူပါမော်ဒယ် Gigi Hadid ရဲ့ အိတ်ထဲက အလှပြင်ပစ္စည်းတွေအားလုံးကို တစ်ခုထဲအဖြစ်စုစည်းပြီး သုံးစွဲသူတွေလက်ထဲ အရောက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ 
အဲဒါကတော့ Maybelline နဲ့ Gigi Hadid တို့ရဲ့ ပူးပေါင်းဖန်တီးမှုလက်ရာ Jetsetter Palette ပါ ။ ဒီ Palette လေးရဲ့ ထူးခြားချက်ကတော့ တစ်ခုထဲရှိရုံနဲ့ အချိန်တိုင်းမှာ 
Perfect look ဖြစ်နေစေဖို့ အကူအညီပေးနိုင်တာပါ ။ 

      

ဒီ Jetsetter Palette ပါးပါးလေးတစ်ချပ်ထဲမှာ ဘာတွေပါလဲ ကြည့်ကြရအောင်နော် ... 

မလိုအပ်တာတွေ ဖုံးအပ်ဖို့တွေအတွက် မရှိမဖြစ်အသုံးလိုမယ့် Concealer နှစ်ရောင်

နှုတ်ခမ်းသားလေးကို အစိုဓါတ်ဖြည့်ပေးမယ့် Lip balm နှစ်မျိုး

မျက်ဝန်းအလှကို ၀ံ့ကြွားစေမယ့် Eyeshadow လေးခု

ပါးမို့မို့လေးဝင်းနေစေမယ့် Blusher တစ်ခု

မျက်နှာပုံစံကျအောင် ပုံသွင်းမယ့် Matte Bronzer နဲ့ Highlighter တစ်ခုဆီ

မျက်တောင်လေးတွေ ရှည်လျားကော့စင်းနေစေမယ့် Mini mascara အပြင်

တစ်ခါထဲပြင်ရင်းကြည့်ဖို့ Mirror အထိ 

ဒီ Palette လေးတစ်ခုထဲမှာ ပေါင်းစပ်ထည့်သွင်းထားတာမို့ အပြည့်စုံဆုံး Palette လေးတစ်ခုလို့တောင်ဆိုရမှာပဲဖြစ်ပါတယ် ။ 
ခရီးသွားရင် သယ်သွားရမယ့် မိတ်ကပ်ပစ္စည်းအစုံအစား Jetsetter လေးက အဖော်မွန်ဖြစ်လာမှာပါ ။ 

   

ဒီ Palette လေးဟာ စူပါမော်ဒယ် Gigi Hadid ရဲ့ ပထမဆုံး ထုတ်တဲ့ အလှကုန်ပစ္စည်း ဖြစ်တဲ့အပြင် Gigi Hadid ရဲ့ လက်မှတ်ကလေးပါ ဘူးအဖုံးမှာ ထိုးထားတဲ့အတွက် သူမပရိတ်သတ်တွေအတွက်တော့
သဘောကျစေမယ့် အပြင်အဆင်ပါပဲ ။ ထုတ်ပိုးမှုကလည်း ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု အပြည့်ရှိပါတယ် ။
အစုံအလင်ပါတာမို့ ဈေးကြီးမယ်လို့ ထင်ရပေမယ့် ဈေးနှုန်းအနေနဲ့ US Dollor 29.99 နဲ့သာ ဖြန့်ချီမယ်လို့ သိရတာကြောင့် ဆောင်ထားဖို့သင့်တော်တဲ့ ဈေးတန်တဲ့ Palette လေးတစ်ခုဖြစ်လာမှာဖြစ်ပြီး
UK မှာ စတင်မိတ်ဆက်ချိန်က အချိန် တစ်နာရီခွဲထဲနဲ့ Sold Out ဖြစ်သွားတဲ့ထိ စံချိန်တင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ ။

ပြန်လည်ဖြန့်ချိမယ့် အချိန်ကိုတော့ 
www.maybelline.com မှာ Countdown ပြပေးနေပါတယ် ။ စတင်မိတ်ဆက်ချိန်ကတည်းက အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ Jetsetter Palette ကတော့
မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာက မိတ်ကပ်ချစ်သူတွေရဲ့ လက်စွဲဖြစ်လာတော့မှာပဲဖြစ်ပါတယ် ... ။



အသဲကျော် 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

သင်္ကြန်နဲ့ အလိုက်ဖက်ဆုံး ဆံပင်အရောင်တွေ

သင်္ကြန်နားနီးပြီဆိုတော့
more

Khwarnyo

Share  259 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views